ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ

နောက်ဆုံးပြင်ဆင်ခဲ့သည့် ရက်စွဲ ( လ ရက်၊ နှစ် )
ယေဘုယျအကြောင်းအရာ

ကျွန်ုပ်တို့ သည် အသုံးပြုသူများ၏ ကိုယ်ရေးလုံခြုံမှုကို လေးစားပြီး၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကို အထမြောက်စေရန် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မစုဆောင်းထားမီ သက်ဆိုင်သည့် သတင်းအချက်အလက်များ အားလုံးကို ကြိုးစားဖော်ပြပေးထားပါသည်။ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒမှာ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်သို့ သင်လာရောက်ကြည့်ရှုရာတွင် သင်၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ စုဆောင်း၊ အသုံးပြု၊ ထုတ်ဖော်ပြီး ထိန်းသိမ်းကာကွယ်မည်ကို ရှင်းပြထားပါသည်။ အသုံးပြုသူ မှ သေချာနားလည်စွာဖတ်ရှုခြင်းဖြင့် သင့်အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ ကာကွယ်ထားပုံကို သိရှိနိုင်ပြီး ဖြစ်နိုင်ချေရှိသော ပေါက်ကြားမှုများကိုလည်း မည်သို့ ကာကွယ်နိုင်ကြောင်းကို သိရှိနိုင်ပါသည်။ အင်တာနက်ပေါ်တွင် သင်ပေးခဲ့သော အချက်အလက်များသည် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကာကွယ်ပိုင်ခွင့်နှင့် လုံခြုံရေးကို ထိခိုက်နိုင်ပြီး ဤ ဝန်ဆောင်မှုကို အသုံးပြုစဉ်အတွင်းမှာလည်း မိမိအချက်အလက်များ နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို ကာကွယ်နိုင်ရန် ကျွန်ုပ်တို့က တိုက်တွန်းပါသည်။ ကျွန်ုပ်တို့ ၏ ဝက်ဆိုဒ် အား ဝင်‌ရောက် အသုံးပြုခြင်းဖြင့် အသုံးပြုသူမှ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒနှင့်အညီ ထိုအချက်အလက်တို့အား ဝက်ဘ်ဆိုဒ်၏ စုဆောင်းမှု၊ အသုံးပြုမှုနှင့် ထုတ်ဖော်မှုတို့ကို သဘောတူခွင့်ပြုရာရောက်ပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုခြင်း
ကိုယ်ရေးကိုယ်တာအချက်အလက်များ

အသုံးပြုသူများအနေဖြင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုကို ရယူရန် သင်မည်သူမည်ဝါဖြစ်မှန်းသိစေနိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့် Email လိပ်စာ၊ နာမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ် ၊ စကားဝှက်များနှင့် ဘဏ်အချက်အလက်များ အစရှိသည့် မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်မှ ထည့်သွင်းရန်မလိုအပ်ပါ။ ထို့အပြင် သင်အသုံးပြုသည့် Browser အမျိုးအစား၊ Browser ဗားရှင်း၊ သင်ဝင်‌ရောက်ထားသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုစာမျက်နှာများအား သင်ဝင်ရောက်သောအချိန်၊ စက်ပစ္စည်း အမှတ်အသားနှင့် Website အတွင်းရှာဖွေမှုများ စသည့် တခြားသော ဝန်ဆောင်မှုအများစုက တောင်းခံလေ့ရှိသော အချက်အလက်များကို စုဆောင်းထားနိုင်သည့် Tracker နှင့် Cookie များကို အသုံးပြုထားခြင်းမရှိပါ။

IP Address

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အတွင်းသို့ ဝင်ရောက်အသုံးပြုပါက အသုံးပြုဝင်ရောက်သည့် Device ၏ IP Address သည် ကျွန်ုပ်တို့၏ Server Log ထဲတွင် ပေါ်နိုင်ပါသည်။ IP Address မှ တစ်ဆင့် မည်သည့်နိုင်ငံ၊ မည်သည့်မြို့နယ် မှ မည်သည့်အချိန်တွင် မည်သည့် ISP ( Internet Service Provider ) ကို အသုံးပြု၍ ကျွန်ုပ်တို့ ဝန်ဆောင်မှုကို ရယူသုံးစွဲသည်ကို သိရှိရနိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့ ၏ ဝက်ဘ်ဆိုက် အား ဝင်ရောက်သည့် အချိန်၊ အကြိမ်ရေ နှင့် မည်သည့်နေရာမှ ဝင်ရောက် ကြောင်း အစရှိသည့် အချက်အလက်များကို သင်၏ အင်တာနက် ဝန်ဆောင်မှုရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း များမှ သိရှိနိုင်မည်ဖြစ်ကြောင်း အသိပေးပါသည်။ IP Address သည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများတွင် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက်သာမက ကိုယ်ခန္ဓာလုံခြုံရေးအတွက်ပါ အရေးပါသည့်အရာဖြစ်သည့်အတွက် အသုံးပြုသူအနေနဲ့ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်သည့်အခါတိုင်း IP Address ကို ပြောင်းလဲပေးနိုင်သော VPN ( Virtual Private Network ) များကို မဖြစ်မနေ အသုံးပြုပြီးမှ ဝင်ရောက်ကြရန် အထူးပင် တိုက်တွန်းအပ်ပါသည်။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုသူများ၏ IP Address ကို မည်သည့်အခြေအနေတွင်မဆို မသက်ဆိုင်သည့်မည်သည့်အဖွဲ့အစည်း၊ မသက်ဆိုင်သူမည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းပြုမည်မဟုတ်ပါ။ ထို့အပြင် အချက်အလက်များပေါက်ကြားမှု မရှိစေရန် စွမ်းစွမ်းတမံ ကာကွယ်သွားမည်ဖြစ်ပါသည်။ သို့သော် အချက်အလက်သိမ်းဆည်းသည့် စနစ်များ၊ အချက်အလက်များ ဖြတ်သန်းသွားလာရာလမ်းကြောင်းများသည် ၁၀၀% လုံခြုံမှုကို မပေးနိုင်သည့်အတွက် ကျွန်ုပ်တို့အနေနဲ့ သင့်၏ အချက်အလက်များ၏ လုံခြုံရေးကို အကြွင်းမဲ့ အာမမခံနိုင်ပါ။

Third Party Services

သိုသော် ဝန်ဆောင်မှုလိုအပ်ချက်အရ Third Party Service များ နှင့် ( ချိတ်ဆက်ထည့်သွင်းထားသော သို့မဟုတ် ကိုးကားညွှန်းဆိုထားသော ) လင့်များ ဝက်ဘ်ဆိုက်အတွင်းတွင် ပါရှိပါသည်။ အကယ်၍ သင်သည် Third party လင့်ကိုနှိပ်လျှင် ၎င်းသည် third party ဝက်ဘ်ဆိုက်သို့သွားပါလိမ့်မည်။ သင်ဝင်ရောက်သော site တိုင်း၏ လုံခြုံရေးပေါ်လစီကို ပြန်လည်သုံးသပ်ရန် အထူးအကြံပြုအပ်ပါသည်။ သို့သော် ဝက်ဘ်ဆိုက်အတွင်းအချက်အလက်များကို စီမံရန်အတွက် မည်သည့် Third Party Service များမှ အသုံးပြုထားခြင်းမရှိသည်ကို ဤနေရာမှာ ဖော်ပြလိုပါသည်။ Third party ဝက်ဘ်ဆိုက်များ၏ ဝန်ဆောင်မှုများ၊ အကြောင်းအရာများ၊ Privacy Policy များ သို့မဟုတ် လုပ်ထုံးလုပ်နည်းများအတွက် ကျွန်ုပ်တို့တွင် ထိန်းချုပ်နိုင်စွမ်းနှင့် တာဝန်ယူနိုင်စွမ်းမရှိပါ။ Third Party Service များ၏ Privacy Policy နှင့် ပတ်သတ်၍ ကြောင့်ကျမှုတစ်စုံတစ်ရာရှိပါက Third Party Website များအား သွားရောက်၍ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပေးပို့သည့်အချက်အလက်များ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတွင် စာမူပေးပို့နိုင်ခြင်းပါဝင်ပါသည်။ စာမူပေးပို့သည့်အခါ ကျွန်ုပ်တို့၏ Email Address သို့ လိပ်မူပြီးပေးပို့လိုက်သည့် သင်၏ Email Address ၊ Account နာမည် နှင့် သင့် Profile ဓာတ်ပုံစသည်တို့ ကို ကျွန်ုပ်တို့ ဘက်မှ မြင်တွေ့ရနိုင်သည်ကို ဂရုပြုပါ။ Email Address မှ စုဆောင်းရရှိသည့် အချက်အလက်များသည် Website ၏ လုပ်ငန်းဆောင်တာများနှင့် တိုက်ရိုက်ချိတ်ဆက်မှု ရှိနေမည်မဟုတ်ပဲ တခြားသော ဝန်ဆောင်မှုတစ်ခုကို သီးသန့်အသုံးပြုထားပါသည်။ အကယ်၍ သင်ဟာ အမည်မသိပေးပို့လိုပါက နာမည်အစစ်အမှန်နှင့် ဖန်တီးထားသော Email အကောင့်များကို အသုံးမပြုဖို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့ထံ ရောက်ရှိလာသော Email Address များအား လုံခြုံစွာ သိမ်းဆည်းထားမည်ကို ကတိပြုပြီး အမှန်တကယ်စီမံခန့်ခွဲခြင်း လိုအပ်သည့် အယ်ဒီတာတာဝန်ခံများနှင့်သာ မျှဝေခြင်းပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ရောက်ရှိလာသော စာမူများအား ကျွန်ုပ်တို့၏ စိတ်ချရသော   Account စီမံခန့်ခွဲမှုဖြင့်သာ သိမ်းဆည်းထားမည်ဖြစ်ပြီး မည်သည့်တခြားသော အဖွဲ့အစည်း၊ မသက်ဆိုင်သူ တစ်ဦးတစ်ယောက်နှင့်မှ မျှဝေသွားမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ သို့သော် ပေးပို့လာသည့် စာမူအတွင်း ပါဝင်သည့် အချက်အလက်များသည် မိမိသဘောအရ ပေးပို့ခြင်းဖြစ်ကြောင်း သိစေလိုပါသည်။ တစ်စုံတစ်ရာသော ထိရှလွယ်သည့်အချက်အလက်များ စာမူအတွင်း ပါဝင်ခဲ့သဖြင့် စာမူအား အစိတ်အပိုင်းတစ်ခုဖြစ်စေ၊ တစ်ခုလုံးဖြစ်စေ ဖျက်ဆီးပေးစေလိုပါက ကျွန်ုပ်တို့ကို အချိန်မရွေးဆက်သွယ်၍ တောင်းဆိုနိုင်ပါသည်။

Privacy Policy ပြောင်းလဲမှုများ

ကျွန်ုပ်တို့၏ Privacy Policy အား အခါအားလျော်စွာ လိုအပ်သည့် ပြောင်းလဲ ပြင်ဆင်မှုများကို ပြုလုပ်ပါမည်။ မည်သည့်ပြောင်းလဲမှုအတွက်မဆို ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ အား နောက်ဆုံးပြင်ဆင်ခဲ့သည့် ရက်စွဲဖြင့် ဖော်ပြထားမည်ဖြစ်ပြီး ပြန်လည်သုံးသပ်ရန် သင့်အားအကြံပေးပါသည်။ Privacy Policy အပြောင်းအလဲများသည် ဤစာမျက်နှာပေါ်တွင် ဖော်ပြသောအခါ အသက်ဝင်ပါသည်။

ဆက်သွယ်ရန်

Privacy Policy အသုံးပြုမှုနှင့်ပတ်သက်ပြီး ပိုမို သိရှိလိုပါက ကျွန်ုပ်တို့အားဆက်သွယ်‌မေးမြန်းနိုင်ပါသည်။

Privacy Policy for Towards Media

Last Updated : ( Month Day, Year ) ( Launch Date )
Overview

Towards Media (“we'', or “us” or “our”) is committed to protecting the privacy of visitors to our website located at towardsmedia.org. Our privacy policy dictates how we collect, use, disclose, and safeguard your personal information when you visit our website. Through careful study of this privacy policy, users of the website are required to be informed of what data we collect and how users can control them. Internet users generate personal information that may have an impact on their personal and digital safety and we encourage our users to be aware of the risks and to navigate accordingly. By accessing our website and its services, you are consenting to its collection, use, and disclosure of your personal information in accordance with this Privacy Policy.

Definition
Personal and General Usage Data

Users of our website are not required to provide any personally identifiable information such as your name, email address, physical address, date of birth, passwords or bank information. Our servers do not collect general usage data such as your browser type, version, operating system, device type , access times and your interaction on our website. We do not use third party tracker and cookies.

Third-Party Services

We used third party services to function some of the services on our website. By visiting the third party website (embedded or referred on our website), you will be subjective toward personal information collected by the third party website. We are not responsible for personal information submitted by you to third party websites or the personal information collected by third party websites. You should review the privacy policies of third party websites or contact the third party website's operator if you have questions or concerns.

Information you submit

Users can submit articles for featuring on our website, in which case, we as maintainer of our website will be able to access your public information of your email address, which could include, your email address, your profile name and your profile picture setup. These interactions are maintained separately as our editorial function and are not stored on our website. We encourage the users to use anonymous email addresses which do not contain any of your personal information. We are accountable for the security of the email conversation or hitherto interactions will not be shared in any manner or degree with any third party. However, users submitting the articles agree that the information contained in the submitted material is at your own discretion and voluntarily. If your submitted work accidentally or otherwise contains information that you wish to undisclose, please contact our editorial team for removal of the part or all of your data.

Privacy Policy Changes

From time to time, we will make changes in our privacy policy. Updated privacy policy will be shown here with the date we updated . It will be effective immediately upon posting the updated Privacy Policy on the Site. You are encouraged to periodically review this Privacy Policy to stay informed of updates.

Contact

For more information related to privacy policy, please contact us.