ဖျောက်ဖျက်ပစ်ရမည့် အရိုးဆွဲနေသော တိုင်းရင်းသားများအပေါ် အမြင်များ
Nov 10, 2024 created by Toward 42

Towards · ဖျောက်ဖျက်ပစ်ရမည့် အရိုးဆွဲနေသော တိုင်းရင်းသားများအပေါ် အမြင်များ

 

အကြမ်းဖက် စစ်ကောင်စီရဲ့ အနိုင်အထက် ပြုမှုတွေ၊ မတရားမှုတွေကို တွန်းလှန်တိုက်ခိုက်လာခဲ့တာ လေးနှစ်နီးပါးကာလကို ရောက်ရှိလာပြီဖြစ်ပေမယ့် မြေပြန့် ဒေသ ပြည်မက လူတွေအတွက် ခက်ခက်ခဲခဲ တွန်းလှန်နေရတဲ့ အယူအဆ တစ်ခု ရှိပါတယ် ။ အဲ့ဒါကတော့ တစ်ပြည်ထောင်ဝါဒ ပါပဲ။ အလွယ်ပြောရမယ် ဆိုရင်တော့ ပြည်မက လူတွေနဲ့ တိုင်းရင်းသားတွေရဲ့ အယူအဆ လိုလားချက်တွေဟာ ထပ်တူညီတယ်ဆိုတဲ့ အတွေးအခေါ် ပါပဲ။ ဒီအတွေးအခေါ် ဖြစ်ပေါ်လာအောင်လည်း စစ်အာဏာရှင် အဆက်ဆက်ဟာ နှစ်ပေါင်းများစွာ ရိုက်သွင်းလာခဲ့တာပါ။ ဒီလို အတွေးအခေါ်ကို ဖြိုဖျက်ဖို့ ကြိုးပမ်းထားတဲ့ ဖျောက်ဖျက်ပစ်ရမည့် အရိုးဆွဲနေသော တိုင်းရင်းသားများအပေါ် အမြင်များ။ အမည်ရ Podcastကို ယခုတစ်ပတ် အတွက် ဆီသို့မှ တင်ဆက်လိုက်ရပါတယ်။