အကြမ်းဖက် စစ်တပ်ဟာ မြန်မာပြည်အနှံ့အပြားက တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်တိုင်းမှာ သူတို့ရဲ့ အားသာချက် လက်နက်အဖြစ် အသုံးပြုဆုံးအရာကတော့ လေကြောင်းတိုက်ခိုက်မှုတွေပါပဲ။
အာဏာသိမ်းကာလ နောက်ပိုင်း၊ တော်လှန်ရေး တပ်ဖွဲ့တွေအောင်မြင်မှု အရှိန်အဟုန် ကြီးမားလာချိန်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်လည်း ငြိမ်ဝပ်ပိပြားကြောက်ရွံ့သွားအောာင်ရည်ရွယ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်လည်း လေကြောင်းကဗုံးကြဲတာမျိုးတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုသာမက သာမန် အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေကိုပါ မချန် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို မဖြစ်မနေ တားဆီးဖို့လိုအပ်ကြောင်းပြောကြားထားတဲ့ ပန်းပွင့်လေးတွေ ဥယျာဥ်မပျောက်စေလို အမည်ရ podcastကို ယခုတစ်ပတ်အတွက် ဆီသို့မှ တင်ဆက်လိုက်ရပါတယ်။