မြန်မြန်နိုင်မှ မြန်မြန်ပြန်ရမယ်
Jul 25, 2024 created by Toward 42

Towards · မြန်မြန်နိုင်မှ မြန်မြန်ပြန်ရမယ်
 
 
အာဏာသိမ်းမှု သုံးနှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံး ထိခိုက်မှုဟာ လူသား အရင်းအမြစ်ပါ။
တော်လှန် ရေးရဲဘော် တွေ အဖြစ် အသွင်ပြောင်းသွားသူတွေ ရှိသလို စစ်ဘေးဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိပါတယ်။အများဆုံးကတော့ စစ်ကောင်စီ ရဲ့ ဖိနှိပ်မှုဒဏ်ကြောင့် ပြည်ပကို ပြောင်းရွှေ့နေထိုင်နေရတဲ့ အသိပညာရှင် အတတ်ပညာရှင် တွေ ပါဝင်သလို ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကြောင့် ပြည်ပကို ရွှေ့ပြောင်းအလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်နေကြရသူတွေလည်း ပါဝင်ပါတယ်။
လူဆိုတာ ပင်ပန်းခက်ခဲချိန်တွေမှ အိမ်ကို တမ်းတ လွမ်းတတ်ကြပါတယ်။
ဒါပေမယ့် ပြည်ပရောက်နေတဲ့ လူတွေ အတွက် အိမ်ကို ပြန်ရဖို့ဆိုတာ လွယ်ကူတဲ့ ခရီးမဟုတ်ပါဘူး။
ဒါကြောင့် မြန်မြန်ပြန်ဖို့ နိုင်မှ ဖြစ်မယ် ဆိုတဲ့ အကြောင်း သတိပေး ပြောကြားထားတဲ့ မြန်မြန်နိုင်မှ မြန်မြန်ပြန်ရမယ်ဆိုတဲ့ Podcastကို ယခုတစ်ပတ် အတွက် တင်ဆက်လိုက်ရပါတယ်။