စစ်ကောင်စီ တပ်သားတွေလို့ပြောလိုက်တာနဲ့ မျက်စိထဲ မြင်ယောင်လာကြတာတော့ အာဏာကို အသုံးချ အဆီတစ်ဝင်းဝင်းနဲ့ ကြီးပွားချမ်းသာလာကြတဲ့ စစ်ဗိုလ်တွေ နဲ့ အတူ ဘီလူးသရဲလို ကြမ်းတမ်းခက်ထန် ပြီး လူသားတစ်ဦးရဲ့ပုံရိပ်တွေ လူ့ယဥ်ကျေးမှုတွေ ပျောက်ဆုံး၊ ရပ်ရွာကို မီးရှို့ ၊ လူသတ် မုဒိန်းကျင့်တတ်တဲ့ စစ်ကောင်စီ တပ်သားတွေပါပဲ။ ဒီလို လူ့ယဥ်ကျေးမှု၊ လူသားဆန်မှု တန်ဖိုးတွေ ပျောက်ဆုံးသွားအောင် သူ့တို့ကို တွန်းအားပေးတဲ့ အရာတွေ အကြောင်း မှိုင်းတိုက်တဲ့ ယုံကြည်ချက်တွေ အကြောင်းကို သုံးသပ်ပြထားတဲ့ ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ လူမဆန်မှုနဲ့ နိုင်ငံ့ပုံရိပ် အမည်ရ ဆောင်းပါးကို ဆီသို့မှ ယခုတစ်ပတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။