၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပြည်သူအများကို တော်လှန်စိတ်ဓာတ် အမြဲ မပြတ် သွတ်သွင်းပေးနိုင်ခဲ့ခြင်းတွေထဲက အကြောင်းရင်းတစ်ခုကတော့ နည်းပညာပါပဲ။ နည်းပညာအကူအညီနဲ့ပဲ အရင့်အရင် ခေတ်အဆက်ဆက်က မလုပ်ဆောင်နိုင်ခဲ့တဲ့ သတင်းစကားဖြန့်ဝေမှုတွေကို လုပ်ဆောင်နိုင်ခဲ့ရင် ပြည်သူအများရဲ့ တော်လှန်ရေး ရေချိန်ကို မြင့်တက်စေခဲ့တာပါ။
ဒါ့ အတူ စစ်ကောင်စီဘက်ကလည်း ပြည်သူအများရဲ့ နည်းပညာ ရပိုင်ခွင့် အခွင့်အရေးတွေကို ဖိနှိပ်ရင်း သတင်းစီးဆင်းမှုကို ကန့်သတ်ဖို့ တားဆီးဖို့ စဥ်ဆက်မပြတ် ကြိုးပမ်းနေဆဲပါ။
ဒီတစ်ပတ် Podcastမှာတော့ နည်းပညာနဲ့ တော်လှန်ရင်း ဆောင်ရ ရှောင်ရမယ့် အရာတွေကို အလေးအနက် ပြောကြားပေးထားတဲ့ လုံလုံခြုံခြုံ ရှင်သန် တော်လှန်ပါ မိတ်ဆွေ အမည်ရ Podcast တစ်ပုဒ်ကို ဆီသို့မှ တင်ဆက်ပေးလိုက်ပါတယ်။
တော်လှန်ရေး ကာလ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် မသိမဖြစ် သိသင့် တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးထားတာ ဖြစ်လို့ မိမိ ဝန်းကျင်က သိသင့် သိထိုက်သူများ ကို သိရှိစေရန် မျှဝေပေးဖို့လည်း တောင်းဆိုပါရစေ။