အမေ့ထံပေးစာ
Oct 17, 2024 created by Toward 52

Towards · အမေ့ထံပေးစာ

 

မွန်းကျပ်ပင်ပန်းလှတဲ့ လူ့လောကမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူတိုင်းအတွက် အနွေးထွေးဆုံးအရိပ်တစ်နေရာကတော့ အမေ့အိမ်ပါပဲ။ ဒါကြောင့်မို့လို့လည်းကျနော်တို့တွေဟာ ပိတ်ရက်ရှည်လေးများရလေတိုင်း ကျိုးကြောင်းချိန်ခါ သင့်လေတိုင်း မိဘရပ်ထံပြန်ဖို့အစွမ်းကုန်ကြိုးစားကြတာပါ။

မကြာခင် ရက်ပိုင်းအတွင်းမှာလည်း သီတင်းကျွတ်ပွဲတော် အချိန်အခါကို ရောက်ရှိတော့မှာပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မြန်မာနိုင်ငံသားအားလုံးဟာတော့ သီတင်းကျွတ်ပွဲတော် အခါသမယမှာ မိဘတွေကို တွေ့ဆုံ ဂါရဝပြုဖို့ အိမ်ပြန်ကြဦးမှာပါ။

ဒါပေမယ့်လည်း ဒီအခွင့်အရေးဟာ လူတိုင်းအတွက် မဟုတ်ခဲ့ပါဘူး။
တချို့တွေအတွက်တော့ ပြန်စရာ အိမ်မရှိတော့ပါဘူး။

အိမ်ကို လွမ်းတဲ့ အမေ့ကို လွမ်းတဲ့ သမီးတစ်ယောက်ရဲ့ ပေးစာတစ်စောင်ကိုတော့ ဒီတစ်ပတ် Podcastအဖြစ် ဆီသို့ ပရိသတ်ထံ တင်ဆက်ပေးလိုက်ရင်း အမေနဲ့ ဝေးနေသူများအားလုံး အမေနဲ့ ပြန်လည်ဆုံစည်းကြစေဖို့လည်း ဆီသို့မှ ဆုတောင်းပေးလိုက်ရပါတယ်။