နေ့စဥ်နဲ့အမျှ ခက်ခဲပင်ပန်းမှုတွေနဲ့ ရုန်းကန်ရင်း ဆိုးရွားပြင်းထန်လှတဲ့ သတင်းဆိုးတွေကို အချိန်နဲ့အမျှ တွေ့ကြုံနေရတဲ့ ဒီလိုခေတ်ဆိုးကြီးမှာ စိတ်ကျန်းမာရေးဟာလည်း မေ့ပျောက်ပစ်ပယ်ထားလို့မရတဲ့ ကိစ္စရပ်ကြီးပါ။ ဒါပေမယ့်လည်း ကျနော်တို့ဟာ စားဝတ်နေရးအတွက် ကြိုးစားရုန်းကန်ရင်း ဒီကိစ္စကို မေ့ပျောက်ပစ်ပယ်ထားကြပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ မိမိစိတ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို ဂရုပြုကြဖို့ တိုက်တွန်းထားတဲ့ အကျပ်အတည်းကာလ စိတ်ကျန်းမာရေး အမည်ရ ပေါ့ကတ်ကို တင်ဆက်ပေးလိုက်ရပါတယ်။