ဒီဇင်ဘာလ အစောပိုင်းကာလမှ ဖြစ်သွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ မြန်မာနိုင်ငံတင်မက ကမ္ဘာ့တစ်လွှားမှာပါ စိတ်ဝင်စားမှု တိုးမြင့်သွားစေခဲ့ပါတယ်။
စစ်အာဏာရှင်လက်အောက် ကျရောက်ခဲ့ဖူးတဲ့ တောင်ကိုရီးယားနိုင်ငံ အတွက် သမိုင်းတစ်ပတ်လည်ပြန်လေပြီလားလို့ စိုးရိမ်စိတ်တွေရှိခဲ့ပေမယ့် ခြောက်နာရီအတွင်းမှာပဲ စစ်အုပ်ချုပ်ရေးကို ပြန်လည် ရုတ်သိမ်းနိုင်ခဲ့ပါတယ်။
ဒီလိုမျိုး တောင်ကိုရီးယားရဲ့ စစ်အုပ်ချုပ်ရေး စနစ်ကို အလျင်အမြန် ဖယ်ရှားနိုင်ခဲ့ပုံအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ပြောပြထားတဲ့ အားကျမိပါသည် အမည်ရ ပေါ့ကတ်ကို ယခုတစ်ပတ်အတွက် ဆီသို့မှ တင်ဆက်လိုက်ရပါတယ်။