မြန်မာ့ဒီမိုကရေစီခရီးရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့ ၁၉၈၈ အရေးတော်ပုံကြီးဟာ ၃၆ နှစ် တိုင်ခဲ့ပါပြီ။ ဒီမိုကရေစီ ခရီးကြမ်းကြီးကတော့ ဆက်လက် ချီတက်နေရဆဲပါ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးကို ဖြစ်တည်စေခဲ့တဲ့ အကြောင်းရင်းခံက ဘာတွေလဲ။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာကော ၁၉၈၈ အရေးတော်ပုံကြီးရဲ့ သက်ရောက်မှုတွေရှိနေတုန်းလား။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို နီးကပ်လာပြီလားဆိုတဲ့ မေးခွန်းတွေကတော့ လူတိုင်းရဲ့ ရင်တွင်းမှာ ရှိကြမှာပါ။
ဒီမေးခွန်းတွေကို ရှင်းလင်းထားတဲ့ Rangoon Radio Channel ရဲ့ Podcast တစ်ခုကို ဆီသို့မှ ပြန်လည်တင်ဆက်လိုက်ရပါတယ်။